ရန်ကုန် ၁၉ မတ်
ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျောင်းဝင်းအတွင်း ပိုးသတ်ဆေးများဖျန်းခြင်း၊ ကျောင်းသားကျောင်းသူများနှင့် ဝန်ထမ်းများကို ကိုယ်အပူချိန်တိုင်းကိရိယာများဖြင့် တိုင်းတာခြင်း၊ လက်သန့်ဆေးရည်များအသုံးပြုနိုင်ရန် ထားရှိခြင်းများ စီစဉ်ဆောင်ရွက်ထားကြောင်း အဆိုပါတက္ကသိုလ်မှ သိရသည်။
“ကျောင်းသားကျောင်းသူတွေ စာမေးပွဲဖြေဆိုတဲ့ အခန်းတိုင်းမှာ Hand Sanitizer တွေ နဲ့ Mask တွေ ပြင်ဆင်ထားတဲ့အပြင် အခန်းတိုင်းကို ပိုးသတ်ပြီး သန့်ရှင်းရေးပြုလုပ်ထားတဲ့အတွက် စာမေးပွဲကို လုံခြုံစိတ်ချစွာ ဖြေဆိုနိုင်အောင် စီစဉ်ထားပါတယ်။ စာမေးပွဲကာလအတွင်း အများပြည်သူသုံးယာဉ်တွေ အချိန်မီပြေးဆွဲနိုင်အောင် စီစဉ်ထားပါတယ်”ဟု ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမီမီသက်သွင်က ပြောသည်။
ရတီ


