နေပြည်တော် ၁၉ မတ်

 

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဋ္ဌမနေ့အဖြစ် ပထဝီဝင်ဘာသာရပ်ကို ယနေ့တွင် ဖြေဆိုကြရာ နိုင်ငံခြားစာစစ်ဌာန ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၅၅၃ ခု၊ စာစစ်ဌာနစုစုပေါင်း ၁၅၅၈ ခုတွင် ဖြေဆိုသူပေါင်း ၁၆၀၅၈၁ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

 

တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်တွင် ဖြေဆိုသူပေါင်း ၁၆၀၅၈၁ ဦးအနက် တစ်နိုင်ငံလုံး၌ ဆေးရုံဖြေဆိုသူ ၂၂ ဦး၊ အကြားအာရုံ မသန်စွမ်းဖြေဆိုသူ ဦး၊ အမြင်အာရုံ မသန်စွမ်းဖြေဆိုသူ ၃၁ ဉီး၊ ကိုယ်အင်္ဂါ မသန်စွမ်းဖြေဆိုသူ ၂၀၊ အကျဉ်းထောင်များတွင် ဝင်ရောက်ဖြေဆိုသူ ၁၁၃ ဦးနှင့် ကရင်ပြည်နယ် မြဝတီမှ ဝင်ရောက်ဖြေဆိုသူ ၁၄ ဦးရှိကြောင်း သိရသည်။

 

သတင်းစဉ်