ဆင်ပေါင်ဝဲ ၂၀ မတ်
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်လျှပ်စစ်ရုံးတွင် မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များသည် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ပြုလုပ်ခဲ့သည်။
မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းဌေးအောင်က မီးဘေးလုံခြုံရေး သတိရှိရန်နှင့် မီးငြှိမ်းသတ်နည်းစနစ်များ၊ မီးလောင်မှုဖြစ်ပွားချိန်တွင် မီးသတ်ဆေးဘူးဖြင့် ပတ်ဖျန်းနည်းများကို အသိပညာပေးဆွေးနွေးပြောကြားပြီး လက်တွေ့သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ပြန်/ဆက်)


