သုံးခွ  ၂၀  မတ် 

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အများပြည်သူများနှင့် ကလေးငယ်များ တိုင်းရင်းသားစာပေများ လေ့လာဖတ်ရှုနိုင်ရန်နှင့် တိုင်းရင်းသားကလေးငယ်များ မိခင်ဘာသာစကားတတ်မြောက်မှု ရင်းနှီးကျွမ်းဝင်မှု မြင့်မားလာစေရန် မြန်မာစာပေနှင့်မြန်မာစကား လေ့လာရာတွင် အထောက်အကူပြုစေရန်အတွက် UNICEF မြန်မာမှ တိုင်းရင်းသားဘာသာပုံပြင်စာအုပ်များ လာရောက်လှူဒါန်းပေးထားကြောင်းသိရသည်။

 

‌ေ

 

အဆိုပါ စာအုပ်များတွင် တိုင်းရင်းသား ၂၅ မျိုးတို့၏ စာပေနှင့် ရိုးရာပုံပြင်များကို တိုင်းရင်းသားဘာသာစကား။ မြန်မာဘာသာစကားတို့ဖြင့် လူမျိုးတစ်မျိုးလျှင် ၁၀ အုပ်နုန်းဖြင့် စုစုပေါင်း(၂၅၀)အုပ်အား လာရောက်လှူဒါန်းပေးထားကြောင်း သိရသည်။

တင်တင်ထွေး(သုံးခွ)