ဒဂုံ    ၂၀    မတ်     

ရန်ကုန်တိုင်းဒေသကြီး၊    ဒဂုံမြို့နယ်၊   ရွှေတိဂုံဘုရားလမ်းပေါ်ရှိ   Y     Complex     Project Construction ၌   ကိုရိုနာဗိုင်းရပ်စ် ပတ်သက်သည့် အသိပညာပေးခြင်းကို   မြို့နယ်ပြည်သူ့ကျန်းမာရေး  ဦးစီးဌာနမှ ဒေါက်တာရွှေပြည်နှင့်   ကျန်းမာရေးဝန်ထမ်းများသည်  ယမန်နေ့နံနက် ၁၁ နာရီက စီမံကိန်း လုပ်ငန်းဆောင်ရွက်နေသော ဝန်ထမ်းများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

 

‌ေ

 

အဆိုပါလုပ်ငန်းတွင်  အသိပညာပေးခြင်းအားဖြင့်  ကိုရိုနာဗိုင်းရပ်စ်၏  ပြင်းထန်အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုမရှိစေရန်  တစ်ကိုယ်ရေသန့်ရှင်းစွာနေထိုင်ရေး၊ လူထူထပ်သောနေရာများတွင်  နှာခေါင်း စည်းMaskတပ်ဆင်ကြရန်၊ ရောဂါကူးစက်နိုင်ခြေရှိသည့်လက္ခဏာများ၊  ကျန်းမာရေးဝန်ကြီးဌာနမှထုတ် လွှင့်သော ကျန်းမာရေးအသိပညာပေး ဂရုပြုလိုက်နာကြရန်၊ ကာကွယ်ရမည့်နည်းလမ်းများနှင့် သံသယ ဖြစ်ဖွယ် ရောဂါလက္ခဏာတွေ့ရှိပါက  နီးစပ်ရာကျန်းမာရေး  ဆေးပေးခန်းသို့သွားရောက်ကြရေး ဆွေးနွေးပေးသည်။ ထို့နောက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်း သိရသည်။

 

‌ေ

 

ဇာဖြူဝင်း(ပြန်/ဆက်)