နေပြည်တော် ၂၀ မတ်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဉတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးတွင် လျှပ်စစ်မီတာခများ လာရောက်ပေးသွင်းလျက်ရှိသည့် ပြည်သူများကို ကိုရိုနာဗိုင်းရပ်စ် COVIE-19 ရောဂါကာကွယ်ရေးအတွက် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးက ငွေသွင်းကောင်တာအနီးတွင် လက်ဆေးကန်နှင့် Hand Sanitizer များထားပေးလျက်ရှိကြောင်း သိရသည်။
လက်ဆေးကန်များ ထားရှိပေးခြင်းနှင့် ပတ်သက်၍ ကျွန်တော်အပါအဝင် ရုံးဝန်ထမ်းများ အားလုံးက Maskနှင့် Hand Sanitizerများကို အသုံးပြု၍ ကာကွယ်သည့်အပြင် လျှပ်စစ်မီတာခပေး ဆောင်သူများ ကိုလည်း ကိုရိုနာဗိုင်းရပ်စ် COVIE-19 ရောဂါကာကွယ်ရေးအတွက် ငွေသွင်းကောင်တာ အနီးတွင် ပညာပေးစာစောင်၊ လက်ဆေးကန်နှင့် Hand Sanitizer များထားပေးသည့်အတွက် ကိုရိုနာဗိုင်းရပ်စ် COVIE-19 ရောဂါကာကွယ်နိုင်ရေး ပြုလုပ်ပေးထားခြင်းဖြစ်ကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဉီးဝင်းလွင်ရှိန်က ပြောကြားသည်။
စိုးမိုး(ပြန်/ဆက်)


