လက်ပံတန်း ၂၀ မတ်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် မတ်လ ၂၀ ရက်နေ့ နံနက် ၅ နာရီ ချိန်မှ ၁၀ နာရီခွဲအချိန်ထိ လက်ပံတန်းမြို့ မင်းရပ်ရပ်ကွက် လမ်းမတော်လမ်းရှိ အောင်သုခ ကျောင်းတိုက် ဆရာတော် ဥူးကေသရ (မြို့နယ်သံဃနာယက ဥက္ကဋ္ဌ) ဦးဆောင်၍ မြို့ပေါ်ကျောင်းတိုက်များမှ သံဃာတော်(၄၅)ပါးခန့်သည် မော်တော်ယာဉ်(၁၆) စီးဖြင့် လက်ပံတန်း မြို့နေ ပြည်သူများအား လက်ရှိ ဖြစ်ပွား လျက်ရှိသည့် ကမ္ဘာ့ကပ်ရောဂါဆိုး (COVID - 19)) နှင့် အခြားသော ဘေးအန္တရာယ်များမှ ကင်းဝေးစေရန်အတွက် မြို့ပေါ်(၄)ရပ်ကွက်နှင့် ရန်ကုန်-ပြည်ကားလမ်းတစ်လျောက် မြို့နယ်အစအဆုံး အန္တရာယ်ကင်း ပရိတ်များအား လှည့်လည်ရွတ်ဖတ်ခဲ့ကြောင်း သိရှိရပါသည်။
ဝင့်နန္ဒာဌေး


