နမ္မတူ ၂၀ မတ်
ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး မြေစိုက်နံရံကပ် စာစောင် ပြသခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် (COVID-19) လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ရောဂါလက္ခဏာများ၊ ရောဂါကူးစက်နိုင်သည့် နည်းလမ်းများ၊ ရောဂါကြိုတင်ကာကွယ်ရန် နည်းလမ်းများအား အသိပညာပေးပြသထားရှိကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)


