မိုင်းရှူး   ၂၀   မတ်   


စိုက်ပျိုးရေး၊ မွေးမြူရေးဆည်မြောင်းဝန်ကြီးဌာန၊ မိုင်းရှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် မိုင်းရှူးမြို့နယ်၊ နမ့်တောင်ကျေးရွာအုပ်စု၊ ဟိုဆူကျေးရွာ ရေတားတမံ တည်ဆောက်ခြင်း၊ ဂါလန်(၅၀ဝ၀)ဆံ့ ကန်တည်ဆောက်ခြင်းနှင့် ရေပိုက်(၈၀ဝ၀)ပေသွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ်၊ ဒေါ်နန်းကောင်ခမ်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ်နှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ ဟိုဆူကျေးရွာ ရေတားတမံတည်ဆောက်ခြင်း၊ ဂါလန် (၅၀ဝ၀)ဆံ့ ကန်တည်ဆောက်ခြင်းနှင့် ရေပိုက်(၈၀ဝ၀)ပေ သွယ်တန်းခြင်းလုပ်ငန်းများကို ခွင့်ပြုငွေကျပ် (၁၈ ဒသမ ၃၈) သန်းဖြင့် Q Five ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်