မန္တလေး ၂၀ မတ်
COVID-19 ရောဂါ ဖြစ်လာပါက ထိန်းချုပ်ရန်အတွက် သီးသန့်ဆေးရုံများ လိုအပ်လာမည်ဖြစ်ရာ လက်ရှိတွင် မန္တလေးမြို့၌ ကန်တော်နဒီဆေးရုံအပြင် ကမ်းနားလမ်းရှိ ယခင်က ကူးစက်ရောဂါကုသရေး ဆေးရုံအဖြစ်ထားရှိသည့် ဆေးရုံနှင့် ဟိုတယ်အဖြစ် မဆောင်ရွက်ဘဲ ထားရှိသည့် ၆၂ လမ်းပေါ်ရှိ ယခင် နဒီမြန်မာဟိုတယ်တို့ကိုလည်း လိုအပ်လာပါက သီးသန့်ဆေးရုံအဖြစ် ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ညွှန်ကြားချက်ဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြင်ဆင်ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။
၆၂ လမ်းပေါ်ရှိ ယခင်နဒီမြန်မာဟိုတယ်တွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေအား မတ်လ ၁၉ ရက် ညနေပိုင်း၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီး ဦးဇာနည်အောင်နှင့် ဝန်ကြီး ဒေါက်တာရဲလွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
တင်မောင်မန်းကိုယ်ပွား


