ရန်ကုန်  ၂၀  မတ်

 

သန်လျင် အထွေထွေရောဂါကုဆေးရုံကြီးသို့ COVID-19 ရောဂါ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သန်လျင်မြို့နေ သီရိသုဓမ္မမဏိဇောတဓရ ဦးဇော်ဝင်း(ဥက္ကဋ္ဌ ဇော်ထက်ပိုင်အင်ဂျင်နီယာနှင့် ဆောက်လုပ်ရေး ကုမ္ပဏီအုပ်စု)- ဒေါ်မိမိတင်၊ သမီး မအိမွန်မွန်(CEO ချမ်းမြေ့မေတ္တာ အထူးကုဆေးရုံသန်လျင်) မိသားစုမှ ငွေကျပ် ၁၁၁ သိန်း ကျော်တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်း(၉)မျိုးကို ယနေ့ နံနက်ပိုင်းက ဆေးရုံအုပ်ကြီး ဒေါက်တာချိုချိုလွင်ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ လှူဒါန်းမှုအား ဆေးရုံအုပ်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပြီး အလှူရှင် ဦးဇော်ဝင်းက လှူဒါန်းရသည့် ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြကာ ဆေးရုံအုပ်ကြီး ဒေါက်တာချိုချိုလွင်နှင့် တာဝန်ရှိသူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

သန်းဝင်း(သန်လျင်)