မင်းလှ  ၂၁   မတ် 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားမှုနှင့်ပတ်သတ်၍ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မင်းလှမြို့မဈေးနှင့် စစ်ကွင်းဈေးပိတ်မည်ဆိုသည့်သတင်း မဟုတ်မမှန် ကောလာဟလသတင်းဖြစ်ကြောင်း မတ် ၂၀ ရက် မွန်းလွဲ ၃ နာရီချိန်က လိုက်လံကြေညာခဲ့ကြောင်း သိရသည်။

 

‌ေ

 

မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်ထွန်း စီစဉ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးသိန်းကျော်မှ ကြော်ငြာချက်အမှတ် ၅/၂၀၂၀ ဖြင့် မင်းလှမြို့နှင့် စစ်ကွင်းမြို့စည်ပင်သာယာရေး နယ်နိမိတ်အတွင်း အသံချဲ့စက်ဖြင့် လှည့်လည်ကြေငြာခြင်း၊ ဈေးများ၌ ကြော်ငြာချက်စာကပ်ထားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)