မင်းတပ် ၂၁ မတ်    

ချင်းပြည်နယ် မင်းတပ်မြို့ စံပြရပ်ကွက် မင်းတပ်-မတူပီကားလမ်း၌ ယနေ့ နံနက် ၈ နာရီတွင် နယ်လှည့် စာအုပ်ဈေးရောင်းသူများအဖွဲ့မှ တစ်ယောက်နှစ်အုပ်ယူ စတုဒိသာစာအုပ်အလှူ ကျင်းပကြောင်း သိရသည်။

 

‌ေ

 

"ကျွန်တော်တို့အဖွဲ့က မင်းတပ်မြို့မှာ မတ် ၁၄ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ တစ်ပတ် စာအုပ်ဈေးရောင်းခဲ့ပါတယ်။ အဓိက ကတော့ ကျောင်းသား/ကျောင်းသူ ကလေးတွေအတွက် ရည်ရွယ်ပြီး စာအုပ်လာရောင်းဖြစ်တာပါ။ စာအုပ်အမျိုးအစားတွေက ကလေးပုံပြင်စာအုပ်တွေ၊ ဉာဏ်စမ်း၊ ဆေးရောင်ခြယ်စာအုပ်၊ အထွေထွေဗဟုသုတစာအုပ်တွေနဲ့ နာမည်ကြီး စာရေးဆရာ ဆရာမတွေရဲ့ သုတ၊ ရသ စာအုပ်တွေပါ။ ခုခေတ်ကလေးတွေက စာဖတ်တာတွေနည်းလာတယ်။ အင်တာနက်သုံးပြီး ဂိမ်းဆော့တာများတယ်၊ တချို့ဆို အင်တာနက်ပေါ်မှာ သတင်းတုတွေဖတ်ပြီး နားလည်မှု၊ ခံယူချက် တွေလွဲပြီး အိမ်နဲ့ရော၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ပါ အဆင်မပြေတော့ဘူး။ အဲ့လိုမျိုး လမ်းမှားမရောက်အောင် စာဖတ်ကြဖို့ တိုက်တွန်းလိုပါတယ်။ ဒီနေ့ကတော့ မင်းတပ်မြို့ပေါ်မှာရှိတဲ့ ကဗျာဆရာအဖွဲ့တွေ နဲ့ပူးပေါင်းပြီးတော့ မိဘပြည်သူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ တစ်ယောက်နှစ်အုပ်ယူစတုဒိသာ စာအုပ်အလှူလုပ်တာဖြစ်ပါတယ်" ဟု နယ်လှည့်စာအုပ်ဈေးရောင်းသူများ အဖွဲ့ခေါင်းဆောင် ကိုငြိမ်းထက်က ပြောသည်။

 

‌ေ

 

ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)