မြစ်ငယ်   ၂၁   မတ် 

မန္တလေးအမရပူရမြို့နယ်အတွင်းရှိ လစဉ်လကုန်ရက်တိုင်းတွင်ဖွင့်လှစ် ရောင်းချနေသည့် မြစ်ငယ်ဈေးကြီးကို မတ်လကုန်နှင့် ဧပြီလကုန်ဈေးနေ့များကို လတ်တလော နှစ်လပိတ်မည်ဟု သိရသည်။

ယခုအခါ ကမ္ဘာ့နိုင်ငံအသီးသီးတွင် (COVID -19) ကပ်ရောဂါဖြစ်ပွားလျက်ရှိပြီး မြစ်ငယ်ဈေးကြီးတွင် လစဉ်ဈေးဆိုင်ခန်းပေါင်း တစ်ထောင်နီးပါးကို အနယ်နယ်အရပ်ရပ်မှ ဈေးသည်များက လာရောက် ရောင်းချလျက်ရှိရာ ကိုရိုနာဗိုင်းရပ်စ်(COVID -19)ရောဂါ ကူးစက်ထိခိုက်ခံစားရခြင်းများကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ပိတ်ပင်ထားကြောင်းသိရသည်။

အဆိုပါ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (COVID -19) အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါအကြောင်းကို အများပြည်သူ သိရှိစေရန်အမရပူရနှင့် မြစ်ငယ်ကျန်းမာရေးဌာနများမှ သတိပေးအသိပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

မောင်မောင်စိုး(မြစ်ငယ်)