မင်းလှ ၂၁ မတ်
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နေပြည်သူများ သဘာဝဘေးအန္တရာယ်များကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် မတ်လ ၂၁ ရက် နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီး ဌာနရုံးဝန်းအတွင်း၌ ငလျင်ဘေး၊ မီးဘေးနှင့်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်ခဲ့သည်။
အဆိုပါလေ့ကျင့်ခြင်းကို ခေတ္တမြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးကျော်အောင် ဦးဆောင်၍ တပ်ဖွဲ့ဝင်(၂၁)ဦးတို့က ငလျင်ဘေးဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ နေအိမ်အဆောက်အဦးအား ဒေါက်ထောက်ခြင်း၊ ပြိုကျအဆောက်အဦအား ရှင်းလင်း၍ လူနာကယ်ဆယ်သယ်ဆောင်ခြင်း၊ မီးလောင်မှုဖြစ်ပွားလာပါက အရေးပေါ်မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
အလားတူ နံနက် ၁၀ နာရီက အမှတ်(၇)ရပ်ကွက် ၊အိုးအိမ်အထပ်မြင့် ၄ ခန်းတွဲ ၅ ထပ်အဆောက်အဦ၌ မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းများကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
ပေါက်စ(မင်းလှ)


