မြဝတီ ၂၁ မတ်
COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် မတ် ၂၁ ရက်နေ့ မနက်ပိုင်းအချိန် မြဝတီမြို့၊ ထိုင်း-မြန်မာ၊ချစ်ကြည်ရေးတံတားအမှတ်(၁)ကို နှစ်နိုင်ငံလုံးမှ ပိတ်ထားလိုက်ပြီဖြစ်၍ ယခင်က ကုန်စည်စီးဆင်းမှုတစ်ခုသာ ဆောင်ရွက်နေသော မြဝတီမြို့၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂) တွင် ခရီးသွားပြည်သူများ ဝင်/ထွက်သွားလာရေး အဆင်ပြေစေရန်အတွက် ကရင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ခရိုင် /မြို့နယ် ရဲတပ်ဖွဲ့၊ လဝက၊ အကောက်ခွန်ဦးစီးဌာနများရှိ တာဝန်ရှိသူများမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ပေးနေကြောင်း သိရသည်။
မြဝတီခရိုင်ကျန်းမာရေးဌာနအနေဖြင့် နေပြည်တော်၊ ဘားအံ၊ ကော့ကရိတ်မြို့ရှိ ကျန်းမာရေးဝန် ထမ်းများနှင့် အင်အားဖြည့်ပေါင်းစပ်၍ Covid 19 ကိုရိုနာဗိုင်းရပ်ကူးစက်မြန်ရောဂါ ကာကွယ်/တားဆီးနိုင် ရေးတို့အတွက် ကြပ်ကြပ်မတ်မတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)


