မုဒုံ   ၂၁    မတ်        

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ COVID-19 ကူးစက်မှုမရှိစေရန်ကြိုတင်ကာကွယ် သည့် အနေဖြင့် မြို့နယ်ရှိ ဘိုးဘွားရိပ်သာနှင့် မေတ္တာစံအိမ်မှ ကောင်မတီဝင်များ ယနေ့နံနက်  ၁၀နာရီတွင် အစည်းအဝေးဆုံးဖြတ်ချက်အရ မတ်လ၂၂ ရက်နေ့မှစ၍  ခေတ္တပိတ်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ဘိုးဘွားရိပ်သာ ဒုဥက္ကဌ ဦးနီက ဘိုးဘွားရိပ်သာနှင့် မေတ္တာစံ အိမ် တွင်ရှိသည့် ဘိုးဘွားများသည်သက်ကြီးရွယ်အိုများ ဖြစ်သည့်အလျောက် COVID-19 ကိုရိုနာဗိုင်းရပ်(စ်)ရောဂါပိုးသည် ကူးစက်ရန်လွယ်ကူပြီး ပြင်းထန်စွာ ခံ စားရမည်ဖြစ်သောကြောင့် ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း၊ အခြေနေပြန်လည်ကောင်းလာပါက ပြန်လည်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်ဘိုးဘွားရိပ်သာရှိ ဘိုးဘွား (၂၃)ဦး တို့ကို ကျန်းမာရေးဌာန လမ်းညွှန်ချက်နှင့်အညီအထူး ကြပ်မတ်ပြုစု စောင့်ရှောက်သွားမည် ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ မေတ္တာစံအိမ်ရှိ ဘိုးဘွားများ အိမ်ပြန်လက်ဆောင်အဖြစ် နို့မှုန့်နှင့် ခေါက်ဆွဲထုပ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)