ခင်ဦး ၂၂ မတ် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၊ မြို့မဈေး၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လက်ဆေးကန်(ဘေစင်)များကို မတ် ၂၁ ရက် မွန်းလွဲ ၃ နာရီက တပ်ဆင်အသုံးပြုနေကြောင်း သိရသည်။

 

0938

 

အဆိုပါ လက်ဆေးကန်(ဘေစင်)များကို မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်ထွန်းနှင့် ဝန်ထမ်းများက မြို့မဈေးအတွင်းတွင် (၁)စင်နှင့် အသားငါးတန်းနေရာတွင် (၁)စင် တပ်ဆင်ပြီး “COVID-19 ကာကွယ်ဖို့ လက်ဆေးကြပါစို့” ဗီနိုင်းများ ချိတ်ဆွဲပေးခဲ့ကြောင်း သိရသည်။

 

စိုးဝေအောင်(ခင်ဦး)