ချောက် ၂၂ မတ်
မကွေးတိုင်းဒေသကြီး ချောက်မြို့ အမှတ်(၁၀)ရပ်ကွက် လမ်းမတော်ရဲစခန်းလမ်းဆုံ၌ မတ် ၂၁ ရက်မှ စတင်ကာ ဒေသခံပြည်သူများ COVID-19 (ကိုရိုနာဗိုင်းရပ်စ်)ရောဂါ မဖြစ်ခင်က ကြိုတင်ကာကွယ် သိရှိနိုင်ရန် LED P-6 အမျိုးအစား ရုပ်သံထွက်ပြစက်ဖြင့် ပြသအသိပညာပေးသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး၊ မြို့နယ်ဆရာဝန်ကြီးတို့မှ ဦးဆောင်၍ လမ်းမတော်မှ ဖြတ်သန်းသွားလာသော ဒေသခံပြည်သူတို့ကို ကျန်းမာရေးစောင့်ရှောက်မှု၊ တစ်ကိုယ်ရည် သန့်ရှင်းမှုရှိစေရန်၊ ရောဂါကျရောက်မှု ကင်းဝေးစေရန်၊ နေထိုင်ပြုမှု ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ကျန်းမာရေးဆိုင်ရာ အချက်အလက်များ သိရှိစေရန် LED ရုပ်သံပြစက်ဖြင့် အသိပညာပေး ပြသခြင်းဖြစ်ပြီး ဒေသခံပြည်သူများ သိရှိလိုက်နာ ရှောင်ကြဉ်နိုင်ရန် မတ် ၂၁ ရက်မှ မတ် ၃၀ ရက်အထိ ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)


