ရေစကြို ၂၂ မတ်

ရေစကြိုမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) အန္တရာယ်မှကင်းဝေးရေးအတွက် မတ် ၂၂ ရက်နေ့ ညနေ ၃ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ စုပေါင်း၍ သံဃာတော် ၂၄ ပါးတို့အား ပင့်ဖိတ်ပြီး လှူဖွယ်ဝတ္ထုအစုစုတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၌ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

 

a

 

အခမ်းအနားတွင်   သံဃာတော်အရှင်သူမြတ်တို့က လှူဖွယ်ဝတ္ထုအစုစုတို့ လှူဒါန်းခြင်းအတွက် အနုမောဒနာ တရားတော်များ ဟောကြားခဲ့ပြီးနောက် ရေစကြိုမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) အန္တရာယ်မှ ကင်းဝေးရေးအတွက် ပရိတ်တရားတော်များနှင့် ပဋ္ဌာန်းဒေသနာတော်များကို မြို့တွင်းလှည့်လည်ရွတ်ဖတ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နွယ်နွယ်အောင် (ရေစကြို ပြန်/ဆက်)