ကောလင်း ၂၂ မတ်

မန္တလေး-မြစ်ကြီးနား လေအေးစက်ပါ လေအိတ်ရထား အမှတ် (၃၁) အဆန်ရထားသည် ယမန်နေ့ ည၇နာရီ မိနစ် ၄၀ တွင် ကောလင်းဘူတာသို့ ဆိုက်ရောက်ခဲ့သည်။

 

‌ေ

 

မန္တလေးဘူတာမှ ၁နာရီခွဲတွင် ထွက်ခွာလာသည့် အမှတ် ၃၁ အဆန်ရထား မန္တလေး-မြစ်ကြီးနား လေအေးစက်ပါ လေအိတ်ရထားကို ကောလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဒေါ်ဖြူဖြူဝင်းနှင့် ဦးတင်စိုး၊ မြို့နယ်စီမံခန်ခွဲမှုကော်မတီဥက္ကဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကောလင်းမြို့ပေါ် ၈ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထုများက ကြိုဆိုပြီး မီးရထားစက်ခေါင်းအား အမွှေးနံ့သာများ ပက်ဖျန်းခြင်း၊ စက်ခေါင်းမောင်းနှင်သူအား ဂုဏ်ပြုခြင်း၊ ခရီးသည်များအား ရေသန့်ဘူးများ ဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ မန္တလေး-မြစ်ကြီးနား လေအေးစက်ပါ လေအိတ်ရထား  အမှတ် ၃၂ အစုန်ရထားလည်း စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

 

‌ေ

 

မြင့်ထွန်းမင်း(ကောလင်း)