နေပြည်တော် ၂၂ မတ်

2019 Novel Coronavirus (COVID-19) ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမဖြစ်ပွား စေရေးအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် လူစုလူဝေးဖြင့် ဆောင်ရွက်ရသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးသင်တန်းများ၊ ၎င်းသင်တန်းနှင့် ဆက်စပ်လျက်ရှိသော ယာဉ်မောင်းလိုင်စင် ဖြေဆို၊ စစ်ဆေးခြင်းလုပ်ငန်းများကို မတ် ၂၃ ရက်မှစ၍ ခေတ္တရပ်ဆိုင်ထားကြောင်းနှင့် သင်တန်းများ ပြန်လည်စတင်ဖွင့်လှစ်နိုင်မည့်ရက်ကို ကြိုတင်ကြေညာသွားမည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးထားကြောင်း သိရသည်။

(သတင်းစဉ်)