ဆော  ၂၃   မတ်

 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် တင့်တူကျေးရွာအုပ်စု ပေါက်ချောင်းကျေးရွာ မီးဘေးသင့် အိမ်ထောင်စု (၁၈)စု အတွက် အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဆောမြို့ သီရိရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညီညီညွန့် ဦးဆောင်သော ရပ်မိရပ်ဖများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကမ်းမည့်လက် လူငယ်ပရဟိတအဖွဲ့တို့သည် မတ် ၂၂ ရက် မွန်းလွဲပိုင်းက ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြကြောင်း သိရသည်။

 

1533

 

အဆိုပါကျေးရွာတွင် မတ် ၂၁ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က တောမီးမှတစ်ဆင့် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့ရသည့် အိမ်ထောင်စု (၁၈)စုအတွက် ဆန်အိတ်(၁၁)အိတ်၊ ရေသန့်အသေး (၇၅)ကတ်၊ အဝတ်အထည်၊စောင်/ခြင်ထောင်(၁၈)အိတ်၊ အိုးခွက်ပန်းကန်(၁)ဖာ၊ မုန့်မျိုးစုံ(၁)ဖာ၊ မိုးကာ(၁)ချပ်နှင့် သုံးမတ်ရေပိုက် ပေ(၇၀ဝ)တို့အား ဆောမြို့ သီရိရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညီညီညွန့်နှင့် တာဝန်ရှိသူများက ထောက်ပံ့ ပေးအပ်ကြသည်။

 

1538

 

ထို့အပြင် ယင်းနေ့၌ ဆောမြို့နယ် လောင်းရှည်ဒေသ တင့်တူကျေးရွာအုပ်စု လင်းတကျင်းကျေးရွာမှ ဦးကျော်လှ ဦးဆောင်သော ကျေးရွာသူ ကျေးရွာသားများမှ ဆန်အိတ်(၁၇) အိတ်၊ဆီ(၂၇)ပိဿာ၊ ဆားပိဿာ(၃၀) ၊ငပိ(၂)ပိဿာနှင့် အိုးခွက်ပန်းကန်များ လာရောက် ထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။

 

ဇော်မျိုးသန့်(ဆော)

 

158