ရွှေဘို    ၂၃   မတ် 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင်  COVID - 19 ရောဂါကြိုတင်ကာကွယ်သည့်အနေဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူရန်လာသော မိဘပင်စင်စားများအား ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် စနစ်တကျလက်ဆေးစေခြင်းများကို မတ် ၂၃ ရက် နံနက် ၈ နာရီက မြန်မာ့စီးပွားရေးဘဏ် ရွှေဘိုခရိုင်ဘဏ်ခွဲတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

‌ေ

 

ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း၊ လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးခြင်း၊ COVID - 19 ရောဂါကာကွယ်ရေး လက်ကမ်းစာစောင်များဝေငှခြင်းတို့ကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်ကြက်ခြေနီအဖွဲ့မှ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြန်မာ့စီးပွားရေးဘဏ် ရွှေဘိုခရိုင်ဘဏ်ခွဲမှ ဘဏ်ဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

‌ေ

 

COVID - 19 ရောဂါကာကွယ်မှုနှင့်ပတ်သက်၍ ပင်စင်ထုတ်ယူရန်လာသော ရွှေဘိုမြို့ နွားလေးကုန်းကွက်သစ်၊ အမှတ် (၁၀) ရပ်ကွက်နေ အဖိုးဦးလှဝင်းက "အခုလို COVID - 19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းပေးတာ၊ လက်ဆေးခြင်းဆောင်ရွက်ပေး
တာ အရမ်းကောင်းပါတယ်၊ မိမိကိုယ်မိမိ ယုံကြည်မှုဖြစ်စေပြီး၊ မိမိအပါအဝင် အခြားသူများကိုလည်း ရောဂါကာကွယ်ပြီးဖြစ်တာမို့ ဆောင်ရွက်ပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်" ဟု ပြောသည်။

မိုးသောက်(ရွှေဘို)