လှိုင်းဘွဲ   ၂၃  မတ်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် COVID-19 ရောဂါ ကာကွယ်တားဆီးနိုင်ရေးနှင့် ပတ်သက်ပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအားလုံးတွင် COVID-19 ရောဂါအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရေးအတွက် ကျန်းမာရေးအသိပညာပေး ဗီနိုင်းများစိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 

‌ေ

 

ထိုသို့ဆောင်ရွက်ရာတွင် လူအသွားအလာများသော နေရာများနှင့် ကျေးရွာများတွင် ပြည်သူသာလျှင်အဓိက ခေါင်းစဉ်ပေးထားကာ COVID-19 ရောဂါအကြောင်း၊ ကာကွယ်သတိပြုရမည့် ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများပါရှိသော အသိပညာပေး ဗီနိုင်း ၁၅၆ ခုကို လှိုင်းဘွဲ၊ ပိုင်ကျုံ၊ ရှမ်းရွာသစ်မြို့များရှိ မြို့ပေါ်ရပ်ကွက် ၁၃ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၇၂ အုပ်စုအတွင်းရှိ ကျေးရွာများတွင် စိုက်ထူပေးခဲ့ကြောင်း သိရသည်။

 

‌ေ

 

ခင်စန်းမြင့်(ပြန်/ဆက်)