ကာမိုင်း ၂၃ မတ်
ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၇ နာရီက ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ စည်ပင်သာယာဈေး၌
ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကာမိုင်းတိုက်နယ် ပြည်သူ့ဆေးရုံးမှ တာဝန်ခံဆရာဝန် ဒေါက်တာခင်မောင်ထွန်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရန် အတွက် လူစည်ကားရာနေရာများဖြစ်သည့် စည်ပင်သာယာဈေး၌ လက်ဆေးနည်းစနစ် မှန်ကန်စေရန်အတွက် သရုပ်ပြလက်ဆေးခြင်း၊ အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ခြင်း၊ အသိပညာပေး ပိုစတာများကပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထို့နောက် စည်ပင်သာယာရေးကော်မတီမှ ဈေးဝယ်လာကြသည့် ပြည်သူများအနေဖြင့် COVID-19 ရောဂါ ကာကွယ်နိုင်ရေးအတွက် မကြာခဏလက်ဆေးကြရန် နှိုးဆော်ခြင်းနှင့် ဈေးတာဝန်ခံရုံးရှေ့၌ ရေပုံးနှင့် ဆပ်ပြာ ထားရှိပေးခြင်းကို ဆောင်ရွက်ပေးခဲ့သည်။
ဇွဲသူရအောင် (ပြန်/ဆက်)


