မယ်စဲ့ ၂၃ မတ်
ကယားပြည်နယ်၊ ဘောလခဲမြို့နယ်တွင် နှစ်စဉ်သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသည့် ဘူးခူကျေးရွာသို့ ယမန်နေ့နံနက်ပိုင်းက ဘောလခဲခရိုင် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး စောမောရှည်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးဖြူချေနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် နန့်ဖဲကျေးရွာအုပ်စု၊ ဘူးခူကျေးရွာရှိ အိမ်ထောင်စု ၂၈ စု၊ လူဦးရေ ၁၄၀ တို့ အတွက် ရေသန့်ဘူးကြီး ၂၀ဝ၊ ရေသန့်ဘူးငယ် ၃၅ ဗူးနှင့် ရေဂါလန် ၁၆၀ဝ ဆံ့ ရေသယ်ယာဉ် နှစ်စီးတို့ဖြင့် သွားရောက်ဖြန့်ဝေခဲ့ရာ ကျေးရွာပြည်သူများက စနစ်တကျ ရေများရယူခဲ့ကြောင်း သိရသည်။
လှရွှေ(ဘောလခဲ)


