ဘောလခဲ ၂၃ မတ်
ကယားပြည်နည်၊ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင်COViD 19 ကြိုတင်ကာကွယ်ရေး လက်ဆေး ပေးခြင်း၊ နှာခေါင်းစည်းတပ်ပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြန်မာ့စီးပွားရေးဘဏ်၌ ပြုလုပ်ခဲ့သည်။
မြန်မာ့စီးပွားရေးဘဏ်သို့ လာရောက်ထုတ်ယူသည့် ပင်စင်စားအဘိုးအဘွားများကို COVID-19 ကြိုတင်ကာကွယ်ရေး ကျန်းမာရေးဝန်ထမ်းများက လက်ဆေးပေးခြင်း၊ နှာခေါင်းစည်းတပ်ပေးခြင်း၊ ကိုယ်ခံအားနည့်သည့် သက်ကြီးရွယ်များအား သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် ဘဏ်ဝန်ထမ်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖိုးရယ်


