ဆိပ်ဖြူ ၂၃ မတ်
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ် နိုင်စေရန်အတွက် ကျန်မာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ ငွေးသွင်းငွေထုတ်လာရောက်သည့် သက်ပြည့်အငြိမ်းစား ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါအကြောင်း သိကောင်းစရာများနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးရှင်းလင်းခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့သည်။
ထို့ပြင် မိမိတို့ ရပ်ကွက်/ကျေးရွာများတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19)ရောဂါ ဖြစ်ပွားရာဒေသနှင့် ထိစပ်နယ်မြေတို့မှ ပြန်လည်ရောက်ရှိလာသည့်သူများ၊ သံသယရှိလူနာများအား သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စုများနှင့် နီးစပ်ရာကျန်းမာဌာန များတွင် ကျန်းမာရေးစစ်ဆေးခံနိုင်ရေး၊ လူဦးရေထူထပ်သည့် ပွဲလမ်းသဘင်များကို သွားလာမှုမပြုကြရန် အသိပညာပေးလမ်းညွှန် စကားများ ပြောကြားပေးခဲ့သည်။
စိုးလင်းနိုင်(ပြန်/ဆက်)


