ပလောက် ၂၃ မတ်
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးနှိုးဆော်ခြင်းကို ယနေ့ညပိုင်းက တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြည်ခြားကျေးရွာ၌ လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်ခြားကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမ ဒေါ်ဖြိုးလဲ့ရည်နှင့်အဖွဲ့က ကျေးရွာအုပ်စုအတွင်း လှည့်လည်၍ လက်ကိုစင်ကြယ်အောင် မကြာခဏ စနစ်တကျ ဆေးကြောရန်၊ နှာချေချောင်းဆိုးသည့်အခါ နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံအောင်ဖုံးအုပ်ပါ၊ တစ်ရှူးအသုံးပြုပါက အမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်ပါ၊ လက်ကိုစနစ်တကျ ပြန်လည်ဆေးကြောပါ၊ တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုပြုဆောင်ရွက်ပါ၊ အာဟာရပြည့်ဝစွာ စားသုံးပါ၊ ကောင်းစွာ အိပ်စက်အနားယူပါ၊ လူထူထပ်သောနေရာများ၊ ပွဲလမ်းသဘင်များသို့ သွားလာခြင်းမှ တတ်နိုင်သမျှ ရှောင်ကြဉ်ပါ၊ တိရစ္ဆာန်များနှင့် အကာအကွယ်မပါဘဲ တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ စသည့် အချက်အလက်များကို တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
နိုင်ဦး (ပြန်/ဆက်)


