ရန်ကုန် ၂၃ မတ်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ရေစီးရေလာကောင်းမွန်စေရန်၊ ခြင်များပေါက်ပွားမှု မရှိစေရန်နှင့် မြို့နယ်သန့်ရှင်းလှပစေရန် ရည်ရွယ်၍ ရေနုတ်မြောင်းများတူးဖော်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့သစ်(က+ခ)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း ပိတ်ဆို့နေသော ရေမြောင်းများတူးဖော်ခြင်းနှင့် ရေမြောင်းအတွင်းရှိ အမှိုက်များဆယ်ယူ စွန့်ပစ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


