တာမွေ ၂၃ မတ်
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် သမာဓိလမ်း အမှတ် (၅၀) ဧရာဝတီဘဏ် သင်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီက ဒိုဟာ၊ ကာတာ၊ မန်ချက်စတာ၊ လန်ဒန်နိုင်ငံများမှ ပညာတော်သင်များ အပါအဝင် နိုင်ငံခြားမှ ပြန်လည်ရောက်ရှိလာသူ စုစုပေါင်း (၂၃)ဦး တို့အား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက Facility Quarantine အဖြစ် သတ်မှတ်၍ (၁၄)ရက်ကြာ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ စောင့်ကြပ်ကြည့်ရှုဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင်(ပြန်/ဆက်)


