မုဒုံ ၂၃ မတ်
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာဈေးတွင် ယနေ့နံနက် ၈နာရီကကျေးရွာ အုပ်ချုပ်ရေးမှူး အဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာရှင် လူငယ်များ စုပေါင်း၍ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ကြသည်။
အဆိုပါ ဆောင်ရွက်မှုတို့တွင် ကျေးရွာနေပြည်သူများ COVID-19 ကူးစက်ရောဂါအကြောင်း သိရှိစေရန်၊ ကာကွယ်နိုင်ရန် နည်းလမ်းများ သိရှိစေရန်ရည်ရွယ်၍ ကျန်းမာရေးဝန်ထမ်းများက အသိပညာပေး ရှင်းလင်းပြောကြားခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေးပေးခြင်းနှင့် လက်သန့်ဆေးများကို အခမဲ့ ပေးဝေခဲ့ကြကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


