ကောလင်း ၂၃ မတ်
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ဈေးရုံဗိုလ်တဲရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့်ရွှေမင်းဝံလမ်းကြား(၁၀) လမ်း အရှေ့ဘက်ရှိဇော်ဆေးဆိုင် အထပ်မြင့်အဆောက်အဦ၌ ငလျင်ဘေး၊ သဘာဝဘေးအန္တရာယ်မှ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃နာရီက ပြုလုပ်ခဲ့သည်။
"ထိုသို့လေ့ကျင့်ရခြင်းမှာ အထပ်မြင့်များ၌ ငလျင်ဘေး၊ သဘဝဘေးန္တရာယ်များ၊ မီးလောင်မှုများဖြစ်ပွားပါက မီးလောင်နေသော အဆောက်အဦအား လျင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရေး၊ ပြည်သူများအား အမြန်ဆုံး ရှာဖွေ ကယ်ထုတ်နိုင်ရေး၊ ထိခိုက်ဒဏ်ရာရရှိသောသူများအား ကယ်ထုတ်ပြီး ဆေးရုံသို့ အမြန်ပို့ပေးနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း" မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သေးက ပြောသည်။
၎င်း ဇာတ်တိုက်လေ့ကျင့်မှုတွင် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် သန္ဓေတပ်ဖွဲ့ဝင်(၁၉)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်(၃၀)ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့တို့က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။
မြင့်ထွန်းမင်း(ကောလင်း)


