ညောင်ဦး  ၂၃  မတ်  

မြန်မာနိုင်ငံတွင် အိမ်မွေးဆင်ကောင်ရေ ၄၃၀ဝ ကျော်ရှိပြီး အိမ်မွေးဆင်များမှတ်ပုံတင် ခြင်းကို ခေတ်ကာလနှင့်အညီ ပြုပြင်ပြောင်းလဲရန်လိုအပ်မှုအရ မြန်မာ့သစ်လုပ်ငန်းပိုင်ဆင် များ၊ သစ်တောဦးစီးဌာနပိုင်ဆင်များ၊ ပုဂ္ဂလိကပိုင်ဆင်များအား မှတ်ပုံတင် ဂရန် ပြုလုပ်ရာတွင် ပို၍စနစ်ကျစေရန် ဆင်ဂရံနှင့်ဆင်များ လွဲမှား၊ပြောင်းလဲခြင်းမပြုလုပ်နိုင်စေ ရန် အတွက် သစ်တောဦးစီးဌာနမှဦးဆောင်ရေးဆွဲထားသည့် Myanmar Elephant Conservation Action Plan (MECAP) အားအကောင်အထည်ဖော်ရန် အိမ်မွေးဆင်များအား ၂၀၂၀ ပြည့်နှစ် မတ်လမှ မေလအတွင်း Microchip တပ်ဆင်ခြင်းအပြီးဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်း၊ လက်ထောက်မန်နေဂျာ ဒေါက်တာမျိုးမင်းအောင်(ဆင်ဆေးကု)ထံမှ သိရသည်။

အိမ်မွေးဆင်များအား Microchip တပ်ဆင်ခြင်းလုပ်ငန်းများကို သစ်တောဦးစီး ဌာနနှင့်သစ်လုပ်ငန်းတို့မှပူးပေါင်းဆောင်ရွက်လုပ်ကိုင်လျက်ရှိပြီး ထိုသို့လုပ်ဆောင်ခြင်း ကြောင့် မြန်မာနိုင်ငံရှိအိမ်မွေးဆင်ကောင်ရေ ပို၍တိကျစွာရရှိနိုင်ခြင်း၊ ဆင်ဂရန်များ Digital စနစ်ဖြင့်ထိန်းသိမ်ထားနိုင်ခြင်း၊ အိမ်မွေးဆင်များသေဆုံးပါက တောဆင်များနှင့်အစားထိုး သည့် မသမာမှုများကာကွယ်တားဆီးနိုင်ခြင်း၊ အိမ်မွေးဆင်များ မှတ်ပုံတင်ခနှင့်ဂရန်ငွေများရ ရှိပါက နိုင်ငံတော်ဝင်ငွေရရှိနိုင်ခြင်း၊ ပုဂ္ဂလိကဆင်ပိုင်ရှင်များအနေဖြင့်လည်း ဆင်ပိုင်ဆိုင်မှု တရားဝင်အထောက်အထား စနစ်တကျရရှိနိုင်ခြင်းတို့ကြောင့် ပြည်သူနှင့်နိုင်ငံတော်နှစ်ဦးနှစ် ဖက်အကျိုးရှိမည့် Win Win Prject ဖြစ်ခြင်းကြောင့် မြန်မာ့သစ်လုပ်ငန်း၊ သစ်တောဦးစီးဌာန ပုဂ္ဂလိကဆင်ပိုင်ရှင်များနှင့် NGO အဖွဲ့တို့စနစ်တကျပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းသိ ရသည်။Microchipတပ်ဆင်ခြင်းအားငါးနှစ်အထက်ဆင်များတွင်သာဆောင်ရွက်ရမည်ဖြစ်ကာ ဆင်များ၏ဝဲဘက်လည်ပင်းတစ်နေရာတည်းသာ ထိုးသွင်းရန်သတ်မှတ်ထားပြီး Scanner စက်ဖြင့်ဖတ်ပါက တပ်ဆင်ထားသည့် Microchip နံပါတ် ပေါ်လာမည်ဖြစ်သဖြင့်ဆင်များလွဲမှားမှုမဖြစ်နိုင်ကြောင်း ပလင်းကမ်းသာဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကို(လက်ထောက်မန်နေဂျာ)ထံက သိရသည်။

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း