ကျိုက်ထို ၂၃ မတ်

 

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့်အဖွဲသည် ကမ္ဘာအနှံ့ဖြစ်ပွားနေသည့် COVID-19  ရောဂါနှင့်ပတ်သက်၍ ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ကုသမှု‌ပေးနိုင်ရန် ပြင်ဆင်ထားရှိမှုကို မတ် ၂၃ ရက် နံနက် ၁၁ နာရီတွင် လာရောက်ကြည့်ရှုခဲ့သည်။

 

ယင်းသို့ ကြည့်ရှုရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောကလျာက ပြင်ဆင်ထားရှိမှုများကို လိုက်လံရှင်းလင်းပြသခဲ့ရာ မွန်ပြည်နယ်၀န်ကြီးချုပ်က လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။

 

ဝင်းမောင်(ကျိုက်ထို)

 

1235579685