မြိတ် မတ် ၂၄

 

မြိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာနသည် ကျေးလက်ဒေသရှိ ဥယျာဉ်နှင့် လယ်ယာထွက်ကုန်ပစ္စည်းများ ဈေးကွက်အတွင်းသို့ ဈေးနှုန်းသက်သာလွယ်ကူ လျင်မြန်စွာ ပို့ဆောင်နိုင်စေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာ လေးရွာတွင် ခွင့်ပြုရန်ပုံငွေကျပ်( ၂၃၁ ဒသမ ၇၄ )သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ် ပေးလျက်ရှိရာ ယခုအခါလုပ်ငန်းများ အားလုံး (၈၀)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီးဖြစ်ကြောင်း အဆိုပါ ဌာနမှ သိရသည်။

 

145

 

မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာလေးရွာတို့တွင် ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ပြီးစီးပါက အဆိုပါ ကျေးရွာများရှိ အိမ်ခြေ(၅၉၉)၊ အိမ်ထောင်စု(၆၃၅)၊ လူဉီးရေ( ၃၄၇၉)တို့၏ ကျေးလက် လယ်ယာနှင့် ဥယျာဉ်ခြံထွက်ကုန် ပစ္စည်းများကို ဈေးကွက်အတွင်းသို့ လွယ်ကူလျင်မြန်စွာဖြင့် အချိန်မီ ပို့ဆောင်နိုင်မည် ဖြစ်သည့်အပြင် ဒေသခံပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေးလည်း ပိုမိုကောင်းမွန်လာသောကြောင့် လယ်ယာသုံး ပစ္စည်းကိရိယာများနှင့် ကျေးရွာထွက်ကုန်များ သယ်ယူပို့ဆောင် သွားလာရေးတို့အတွက် များစွာအဆင်ပြေသွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာန မြို့နယ်ဉီးစီးမှူး ဉီးကျော်ဝင်းနိုင်ထံမှ သိရသည်။

 

333

 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းများကို၂၀၁၉ - ၂၀၂၀ ခုဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ်(၅၄ ဒသမ ၈၉ )သန်းဖြင့် ကလင်ဘန်းကျေးရွာတွင် ကျေးရွာကုန်ထုတ်လမ်း မြေသား+ဂဝံခင်း လမ်းဖောက်လုပ်ခြင်း လုပ်ငန်းအရှည် (၁/ဝ)မိုင်၊ အကျယ်(၁၂) ပေနှင့် Box Culvert(၂)စင်း တည်ဆောက်ခြင်းလုပ်ငန်းကို Aung Pyae Sone တင်ဒါအောင် ကုမ္ပဏီမှ လည်းကောင်း၊ တောင်ရှည်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း မြေသား+ဂဝံခင်းလမ်း ဖောက်လုပ်ခြင်း အရှည်(၁/ဝ)မိုင်၊ အကျယ်(၁၂)ပေနှင့် Box Culvert(၂)စင်း တည်ဆောက်ခြင်း လုပ်ငန်းကို ခွင့်ပြုငွေကျပ် (၅၁ ဒသမ ၅)သန်းဖြင့် တင်ဒါအောင် ရာဇတော်ဝင်ကုမ္ပဏီမှ လည်းကောင်း၊ တုံးဗျောငယ်ကျေးရွာတွင် ကျေးရွာကုန်ထုတ်လမ်း မြေသား+ဂဝံခင်းလမ်း ဖောက်လုပ်ခြင်းအရှည် (၁/ဝ)မိုင်၊ အကျယ်(၁၂)ပေနှင့် Box Culvert(၂)စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ခွင့်ပြုငွေကျပ်( ၅၂ ဒသမ ၄၉ )သန်းဖြင့် တင်ဒါအောင် Wisdom Construction ကုမ္ပဏီမှလည်းကောင်း၊ ဆလင်ကျေးရွာ ကုန်ထုတ်လမ်း မြေသား+ဂဝံခင်းလမ်း ဖောက်လုပ်ခြင်းအရှည် (၁/၄)မိုင်၊ အကျယ်(၁၂)ပေနှင့် Box Culvert(၂)စင်း တည်ဆောက်ခြင်း လုပ်ငန်းကိုငွေကျပ်( ၇၂ ဒသမ ၈၆ )သန်းဖြင့် Kaunn Myan Pyae Construction ကုမ္ပဏီမှ လည်းကောင်း တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ အားလုံး (၈၀)ရာခိုင်နှုန်း ခန့်ပြီးစီးနေပြီးဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

 

မြင့်ဉီး(မြိတ်)