ကလေး ၂၄ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် မတ် ၂၄ ရက် နံနက် ၉ နာရီခွဲမှစ၍ ကလေးမြို့နယ်နှင့် ချင်းပြည်နယ်အစပ် ပူးပေါင်းစစ်ဆေးဂိတ်များအား အဝင်/အထွက် ပိတ်လိုက်ပြီး ချင်းပြည်နယ်သို့သွားသည့် လူ၊ ဆိုင်ကယ်၊ မော်တော်ယာဉ်များ၊ ချင်းပြည်နယ်မှ ကလေးမြို့အတွင်းသို့ ဝင်ရောက်သည့် လူ၊ ဆိုင်ကယ်၊ မော်တော် ယာဉ်များ ဝင်ရောက်မှုမရှိစေရေး ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ လ.ဝ.က၊ ကျန်းမာရေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များဖြင့် စစ်ဆေးကြပ်မတ်လျက်ရှိကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)


