ကောလင်း ၂၄ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ယမန်နေ့က ခန္ဓာကိုယ် အပူချိန်တိုင်း ကိရိယာနှင့် ကာကွယ်ရေး ဝတ်စုံများလှူဒါန်းခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ ဇဝနရပ်နေ ဦးခင်မောင်လင်းနှင့်ဇနီး ဒေါက်တာ စန်းစန်းဝင်း ၊ကောလင်းမြို့ ဈေးရုံဘိုတဲ ရပ်နေ ဦးအောင်ကျော်ထွေးနှင့် ဒေါ်ခင်ပြုံးကြည်မိသားစုမှ ကောလင်းမြို့နယ် ပြည်သူ့ဆေးရုံ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ခန္ဓာကိုယ် အပူချိန်တိုင်း ကိရိယာ ၃ ခုနှင့် ကာကွယ်ရေးဝတ်စုံ (PPE) ၁၀ စုံတို့အား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မိုးဆွေထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)


