ဗန်းမော် ၂၄ မတ်

 

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဓာတ်အားပို့လွှတ်ရေး စီမံကိန်း (မြောက်ပိုင်း)၏ ၂၃၀ကေဗွီ ဗန်းမော်-နဘား မဟာဓာတ်အားလိုင်း တည်ဆောက်စဉ် ထိခိုက်ပျက်စီးသွားသည့် သီးနှံပင်/နှစ်ရှည်ပင်များအတွက် နစ်နာမှုလျော်ကြေးပေးအပ်ပွဲကို မတ် ၂၄ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန ဓာတ်အားပို့လွှတ်ရေးစီမံကိန်း (မြောက်ပိုင်း)၊ စီမံကိန်းမန်နေဂျာရုံး(၁) ရွှေစာရံမှ ဗန်းမော်မြို့နယ်အတွင်း ၂၃၀ ကေဗွီ ဗန်းမော်-နဘား ဓာတ်အားလိုင်း ဖောင်ဒေးရှင်း လုပ်ငန်း နှင့် ချဉ်းကပ်လမ်းဖောက်လုပ်ခြင်းကြောင့် နှစ်ရှည်ပင်၊ သီးနှံပင်မျိုးစုံနှင့် ရာသီ သီးနှံပျက်စီးမှုများအတွက် သက်ဆိုင်ရာ ခြံပိုင်ရှင်နှင့်တောင်သူ(၃၃)ဦးအတွက် လျော်ကြေး ငွေကျပ် (၂၂,၆၈၀,ဝ၃၆) ကို ဒုတိယအကြိမ်အဖြစ် လက်ဝယ်ပေးအပ်ခဲ့သည်။

 

mdn

 

အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဇော်သင်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းဦး၊ စီမံကိန်းမန်နေဂျာဦးကျော်ဇေယျ၊ ဌာနဆိုင်ရာများ၊ စင်းခန်းကျေးရွာ ကံကြီး-ကမ္ဘားနီကျေးရွာ စာဝတီးကျေးရွာ ကောင်းတုံကျေးရွာနှင့်ကုန်းမဟက်ကျေးရွာတို့မှ တောင်သူ(၃၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဦးစိတ်တို