ဆော  ၂၄  မတ်

 

မီးဘေးကြောင့် ထိခိုက်ဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများအား ပံ့ပိုးငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို မတ် ၂၃ ရက် ညနေ ၅ နာရီက ဆောမြို့နယ် တင့်တူကျေးရွာအုပ်စု ပေါက်ချောင်း ကျေးရွာ၌ ဂန့်ဂေါခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမော်နှင့် တာဝန်ရှိသူများက ထိခိုက်ခံစားရသူများအား လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

 

ဆောမြို့နယ် ပေါက်ချောင်းကျေးရွာတွင် မတ် ၂၁ ရက်နေ့၌ မီးလောင်မှုဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ထောင်စု (၁၃) စုအတွက် (၁၆) မျိုးပါ ကယ်ဆယ်ရေးပစ္စည်း (၁၃) ပုံး၊ မီးတားဖျက်သိမ်းအိမ်ထောင်စု (၅) စုအတွက် (၁၀)မျိုးပါ ကယ်ဆယ်ရေးပစ္စည်း (၅)ပုံးနှင့် အဆိုပါ အိမ်ထောင်စု (၁၈)စုအတွက် ပံ့ပိုးငွေ ကျပ် ၁၉၉၅၃၀ဝ တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက လာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဇော်မျိုးသန့်(ဆော)