မြင်းခြံ ၂၄  မတ် 

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ် ငန်းများကို ဆောင်ရွက်လျက်ရှိရာ အဓိက ကူညီဆောင်ရွက်ပေးလျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေး အသင်းအဖွဲ့များ ရောဂါကူးစက်မှုမခံရစေရေးအတွက် အလှူရှင်များမှ ရောဂါကာကွယ်ရေး ဝတ်စုံ(၈၅)စုံကို  ယနေ့ နံနက်ပိုင်းက လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

225

 

အဆိုပါ COVID-19 ရောဂါကာကွယ်ရေး ဝတ်စုံများကို ခရိုင်ပြည်သူ့ဆေးရုံ (၁၇)စုံ၊ မြင်းခြံနာရေး ကူညီမှု့ အသင်းအား (၁၅)စုံ၊ အဖြူရောင်လက်များ လူမှုကူညီရေးအသင်းအား(၁၅)စုံ၊ ဧရာဝတီ သွေးလှူရှင် အသင်းအား (၅)စုံနှင့် အခြားလူမှု့ကူညီရေးအသင်းများအား (၂)စုံစီ ပေးအပ်လှူဒါန်းခဲ့ကြသည်။

 

အဆိုပါဝတ်စုံများကို ဦးပြေအေး-ဒေါ်ဒေါ်သန်း(ကျောက်တောင်၊ ကျားမာန်) မိသားစုမှ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရေးအတွက် ပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း ပြောပြခဲ့သည်။

 

32

 

မြင်းခြံမြို့နယ်တွင် COVID-19 ရောဂါဖြစ်ပွားသူများမရှိသော်လည်း အကြောင်းအမျိုးမျိူးဖြင့် နိုင်ငံရပ်ခြားသို့ သွားရောက် အလုပ်လုပ်ကိုင်သူများမှ ပြန်လာကြသူများရှိရာ ထိုသူတို့အား ကျန်းမာရေး ဌာနမှ စောင့်ကြည့်ခြင်း ၊ လူမှုကူညီရေးအသင်းများမှ ကူညီပေးခြင်းများရှိကြသည်။

 

ထိုကူညီစောင့်ရှောက်သူများ သွားရောက်ကူညီသည့်အခါ ရောဂါကူးစက်မှု မခံရစေရန် ကြိုတင်ကာ ကွယ်ရေးအတွက် ဝတ်စုံများသည် အကူအညီဖြစ်စေကြောင်း သိရှိရသည်။

 

ဇော်မင်းနိုင်(မြင်းခြံ)