မိုးမိတ် ၂၄ မတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် ပြည်သူ့ဆေးရုံတွင် COVID–19 ရောဂါနှင့် ပတ်သက်၍ တုံ့ပြန် ဆောင်ရွက်နိုင်ရန်အတွက် သံဃာ့ဆေးရုံအား သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက ဌာန ဆိုင်ရာများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရောဂါထောက်လှမ်းနိုင်ရေးနဲ့ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရောဂါသံသယရှိတဲ့ လူနာတွေကို သီးသန့်ထားနိုင်ရန်အတွက် မြို့နယ်သံဃာ့ဆေးရုံအား သန့်ရှင်းရေးဆောင်ရွက်ပြီး သီးသန့် ကုတင်များ၊ လိုအပ်သောပစ္စည်းများထားရှိမှုနှင့် ပတ်သက်၍ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ရှင်းလင်း ပြောကြားသည်။
ဆက်လက်ပြီး မြို့ဝင်မြို့ထွက်လမ်းများ၌ ကျန်းမာရေးစစ်ဆေးခြင်း၊ အပူချိန်တိုင်းတာခြင်း၊ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးမိတ်သား(စည်သူဌေး)


