ဂန့်ဂေါ ၂၄ မတ်
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း(၂၁)ခုအတွက် ပထမအကြိမ်(၅၀) ရာခိုင်နှုန်း ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ထို့နောက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းက ပထမအကြိမ်(၅၀) ရာခိုင်နှုန်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ပြန်ဆက်)


