မော်လမြိုင်ကျွန်း ၂၄ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် Corona Virus Disease-2019 (COVID-19) ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီမှ မတ် ၂၄ ရက် မွန်းလွဲ ၂ နာရီမှစတင်၍ မြို့နယ်အတွင်းသို့ ဝင်ရောက်လာသည့် ခရီးသည်တင်ယာဉ်များမှ ခရီးသည်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်းနှင့် ကိုယ်ရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းလုပ်ငန်းများ ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေး ဦးဆောင်သည့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များသည် မြို့နယ် ကားကြီးဝင်းတွင် မတ် ၂၄ ရက်မှစတင်၍ နေ့စဉ် နံနက် ၆ နာရီမှ ည ၁၀ နာရီအထိ ကြပ်မတ်စစ်ဆေးသွားမည်ဖြစ်ပြီး ပြည်ပမှ ပြန်လာသူများရှိပါကလည်း ကျန်းမာရေးဌာနမှ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်ပေးမည်ဖြစ်ကာ ၁၄ ရက်အတွင်း မိမိနေအိမ်မှ အပြင်ထွက်ခွာခြင်း၊ လူအများအကြား သွားလာမှုမရှိစေရေးတို့ကို အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ အထူးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)


