လွိုင်ကော် ၂၄ မတ် 

 

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး (၂)ဦးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ မတ် ၂၃ ရက် ည ၁၁ နာရီ ၄၅ မိနစ်က ကြေညာချက်နှင့် မတ် ၂၄ ရက် သုညနာရီ မိနစ် ၃၀ တွင် အတည်ပြုထုတ်ပြန် ကြေညာထားမှုကြောင့် ကယားပြည်နယ်အတွင်းရှိ ဈေးများတွင် ဆန်၊ ဆီ၊ ဆား စသည့် အခြေခံစားသောက်ကုန်များကို ဝယ်ယူမှု မြင့်တက်လျက်ရှိသော်လည်း စားသောက်ကုန်များ၏ ဈေးနှုန်းများကို ပုံမှန်အတိုင်း ရောင်းချလျက်ရှိကြောင်း သိရသည်။

 

“ဆန်ဈေးကတော့ ပုံမှန်အတိုင်းပါပဲ။ ဈေးတင်မရောင်းပါဘူး။ ဒါပေမဲ့ ဝယ်တဲ့သူတွေကတော့ ဒီနေ့မှာ ပိုများလာတယ်” လို့ လွိုင်ကော်မြို့ရှိ ရွှေသဝဏ်ဆန်ဆိုင်သို့ လာရောက်ဝယ်ယူသူများက ပြောသည်။

 

ကျန်းမာရေး အထောက်အကူပြု ဆေးဝါးများကိုလည်း ဈေးနှုန်းကို ပုံမှန်အတိုင်း ရောင်းချပေးပါကြောင်းနှင့် ယခင်နေ့များထက် အိမ်သုံးဆေးဝါးများကို လာရောက်ဝယ်ယူသူ ပိုမိုများပြားလာကြောင်း ပုလဲထွန်းဆေးဆိုင်နှင့် မန္တလေးပင်ရင်းဆေးဆိုင် ပိုင်ရှင်များထံမှ သိရသည်။

 

ထွန်းလေး(ပြန်/ဆက်)