ဆော ၂၅  မတ်

 

ဂန့်ဂေါခရိုင်၊ဆောမြို့ ရွှေယောမန်းကားဂိတ်အနီး ရှင်မာလဲဘုရားကွင်းပြင်တွင် မတ် ၂၄ ရက်   ညနေ ၆ နာရီက ကလေးမြို့မှ ပြန်လာကြသော ဒေသခံပြည်သူများကို လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ ကာကွယ်နိုင်မည့် နည်းလမ်းများအပြင် လူစုလူဝေးရှိသည့် နေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ရန်နှင့် သတ်မှတ် စောင့်ကြည့်ကာလ (၁၄)ရက်ကို အသွားအလာ ကန့်သတ်ပြီး အိမ်၌ သီးခြားနေထိုင်ရန် ပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

 

15852

 

အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်လေးပန် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဇော်မျိုးသန့်(ဆော)

 

1585306