မော်လူး ၂၅ မတ်
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့ တိုက်နယ်ပြည်သူ့ဆေးရုံတွင် မတ် ၂၅ ရက် နံနက် ၉ နာရီခွဲက Covid-19 ကာကွယ်ရန်နှင့် ကျန်းမာရေးအထောက်အကူပြု လုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် PPE ဝတ်စုံ (၁၅)စုံနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။
လတ်တလောတွင် မြန်မာနိုင်ငံအတွင်း၌ Covid-19ရောဂါတွေ့ရှိသူ (၃)ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်းထုတ်ပြန်ချက်အရ သိရှိရသဖြင့် နိုင်ငံနှင့်အဝန်းတွင် Covid-19 အသိပညာပေးလုပ်ငန်းများ၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ရောဂါကုသရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိရာ မိမိတို့၏တိုင်းနှင့် ပြည်နယ် ဌာနဆိုင်ရာများရှိဆေးရုံ ဆေးခန်းများ၊ လူမှုကူညီရေးအဖွဲ့အစည်းများနှင့် အများပြည်သူပူးပေါင်း၍ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဌာနဆိုင်ရာများက အစဉ်တစိုက် နှိုးဆော်ထားကြောင်း သိရသည် ။
ထိုသို့ Covid-19 ကာကွယ်ရေး၊ ကုသရေးနှင့်ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ငဆောင်နိုင်ရန်အတွက် အလှူရှင်များကိုယ်စား မော်လူးမြို့ ပညာရိပ်ပညာရေးစင်တာမှ ဦးသောင်းဖေ၊ Covid-19 ကာကွယ် တိုက်ဖျက်ရေး /လူမှုကူညီးရေးမှ ဦးအောင်စိုးမြင့်၊ ဦးဝင်းနိုင်နှင့်ဦးနီတိုးတို့က Covid-19 ကာကွယ်ရေး (PPE)ဝတ်စုံ (၁၅)စုံအားပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာဝတ်မှုံထွန်းနှင့် ဝန်ထမ်းများက လက်ခံရယူခဲ့ပြီး စေတနာအလှူရှင် ဦးရန်နိုင်ဇော်+ ဒေါ်နန်းကြည်ဦး မိသားစုတို့က Covid-19 ကာကွယ်/ကုသရေးနှင့် အထွေထွေအသုံးပြုနိုင်ရန် ငွေကျပ် (၂၀ဝ၀ဝ၀) တို့ကို့ ပေးအပ်လှုဒါန်းခဲ့ကြောင်း သိရသည် ။
နီတိုး


