တွံတေး ၂၅ မတ်

 

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မရှိစေရေးအတွက် ကြိုတင်ကာကွယ် ဆောင်ရွက်သည့်အနေဖြင့် အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို မတ်လ ၂၄ ရက် ညနေပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အသိပညာပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် တက်နိုင်သမျှ မိမိတို့နေအိမ်တွင်သာ နေထိုင်ကြရန်၊ လူစုလူဝေးပွဲလမ်းသဘင်များကို ရှောင်ကြဉ်ပေးကြပါရန် အပြင်မှ ပြန်ရောက်တိုင်း လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောပေးကြရန်၊  မိမိ၏လက်ကိုစင်ကြယ်စွာ မဆေးကြော ရသေးဘဲ မျက်နှာ၊ နှာခေါင်း၊ ပါးစပ်၊ မျက်စိတို့ကို ကိုင်တွယ်ခြင်းမပြုကြရန် တခြားနိုင်ငံများမှ ပြန်ရောက်လာပါက သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ အမြန်အကြောင်းကြားရန် မိမိတို့နေအိမ်ပတ်ဝန်းကျင်တွင်  ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ လက္ခဏာများ တစ်ခုခုတွေ့ရှိပါက မြို့နယ်ပြည်သူ့ဆေးရုံသို့ အမြန်အကြောင်းကြားကြပါ ရန်နှင့်မိမိတို့၏ နေအိမ်ဝန်းကျင်တွင် နိုင်ငံရပ်ခြားမှ အလုပ်လုပ်ပြီး ပြန်ရောက်လာသူများရှိပါကလည်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ အမြန်ဆုံးသတင်းပေးပို့ပေးကြပါရန် မြို့ပေါ်ရပ်ကွက်ကျေးရွာလမ်းများ မြစ်ချောင်းများတစ်လျှောက် အသံချဲ့စက်ဖြင့် တိုက်တွန်းနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

 

မျိုးလှိုင်(တွံတေး)