နေပြည်တော် ၂၅ မတ်
နေပြည်တော်ကောင်စီဝင် ဉီးတင်ထွန်းနှင့်အဖွဲ့သည် နေပြည်တော်၊ ဒကိ္ခဏခရိုင်၊ ပျဉ်းမနားမြို့နယ် အတွင်းရှိ ရထားဘူတာနှင့် ကားဂိတ်များတွင် ခရီးသွားပြည်သူများနှင့် ဝန်ထမ်းများ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကာကွယ် ထားရှိမှုများအား ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် နေပြည်တော်ကောင်စီဝင် ဉီးတင်ထွန်း၊ နေပြည်တော် ပြည်သူ့ကျန်းမာရေး ဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးအေးမာနှင့် ဝန်ထမ်းများ၊ ဒက္ခိဏခရိုင် အုပ်ချုပ်ရေးမှူး ဉီးစိုးနိုင်၊ ပျဉ်းမနားမြို့နယ် အုပ်ချုပ်ရေးမှူး ဉီးသိုက်ဝေဖြိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပျဉ်းမနားရထားဘူတာနှင့် ဘောဂသီရီ ကားကြီးကွင်းအတွင်းရှိ ကားဂိတ်များ၊ လက်မှတ် ရောင်းချရာ နေရာများတွင် ခရီးသွားပြည်သူ့များနှင့် ဝန်ထမ်းများ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ကူးစက်မှု မရှိစေရေးအတွက် ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုများ၊ ခရီးသွားပြည်သူများနှင့် ဝန်ထမ်းများ အသုံးပြုနိုင်ရန်အတွက် လက်ဆေးဘေစင်များနှင့် HAND SANITIZER ထားရှိမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)


